အခန်းကြီး(၃၈)
၁ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှသွား၍၊ ဟိရအမည်ရှိသော အဒုလံအမျိုးသားထံသို့ ဝင်လေ၏။ ၂ထိုအရပ်၌ ရှုအာအမည်ရှိသော၊ ခါနာန်အမျိုးသား၏သမီးကို တွေ့မြင်၍၊ အိမ်ထောင်ဘက်ပြု လျက်၊ ၃ထိုမိန်းမသည် ပဋိသန္ဓြေွယူ၍ သားကိုဘွားမြင်၏။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏။ ၄တဖန် ပဋိသန္ဓြေွယူပြန်၍ ဘွားမြင်သောသားကို သြနန်အမည်ဖြင့် မှည့်လေ၏။ ၅တဖန် ပဋိသန္ဓြေွယူပြန်၍ ဘွားမြင်သောသားကို ရှေလအမည် ဖြင့် မှည့်လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ်မြို့မှာ ရှိသတည်း။
၆ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာအမည်ရှိသော သတို့သမီးနှင့် စုံဘက်စေ၏။ ၇ယုဒ၏ သားဦး ဧရသည် ထာဝရဘုရားရှေ့၌ ဆိုးသောသူဖြစ်၍၊ သူ့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ၈ထိုအခါ ယုဒ သည် သြနန်ကိုခေါ်ပြီးလျှင်၊ သင်၏အစ်ကိုမယားထံသို့ ဝင်၍ သူနှင့် အိမ်ထောင်ဘက်ပြုသဖြင့်၊ အစ်ကိုအမျိုးကို ဆက်နွှယ်လော့ဟု ဆို၏။ ၉သြနန်သည် သားကိုရလျှင်မူကား၊ မိမိသားမမှတ်ရဟု သိ၍ အစ်ကိုအား သားကို မပေး လိုဘဲ၊ အစ်ကိုမယားထံသို့ ဝင်သောအခါ၊ သုတ်ရည်ကိုထုတ်၍ စွန့်လေ၏။ ၁ဝထိုအမှုကို ထာဝရဘုရား မနှစ်သက် တော်မူသောကြောင့်၊ သြနန်ကိုလည်း ကွပ်မျက်တော်မူ၏။ ၁၁သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်ဟု ယုဒသည်စိုးရိမ်၍၊ မိမိချွေးမတာမာကို ခေါ်ပြီးလျှင်၊ ငါ့သားရှေလမကြီးမှီ သင်သည် သင့်အဘ၏အိမ်၌ မုဆိုးမပြု၍ နေပါဟုဆိုသည်အတိုင်း၊ တာမာသွား၍ မိမိအဘ၏အိမ်၌ နေလေ၏။
၁၂ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယားလည်း သေလေ၏။ ယုဒသည် နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သော သူတို့ရှိရာ တိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ သွားလေ၏။ ၁၃မိမိယောက္ခမ သည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့ သွားကြောင်းကို တာမာကြားလျှင်၊ ၁၄မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်း ခြုံရုံလျက်၊ တိမနတ်မြို့သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့ တံခါးဝ၌ ထိုင်နေလေ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့် တည်း။ ၁၅ယုဒသည် ထိုမိန်းမကို မြင်သောအခါ၊ သူသည် မိမိမျက်နှာကို ဖုံး၍နေသောကြောင့်၊ ပြည်တန်ဆာဖြစ်သည်ဟု ထင်မှတ်လျက်၊ ၁၆လမ်းကိုလွှဲလျက် အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကို ပေးပါလော့ဟု ဆိုလေသော်၊ မိန်းမက၊ သင်သည် ကျွန်မထံသို့ ဝင်လိုသောငှါ အဘယ်ဆိုကို ပေးမည်နည်းဟုမေးလျှင်၊ ၁၇ယုဒက ဆိတ်သငယ်ကို ပေးလိုက် မည်ဟု ဆိုလေ၏။ မိန်းမကလည်း၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည် လောဟုမေးလျှင်၊ ၁၈ယုဒက၊ အဘယ်အရာကို ပေါင်စေချင်သနည်းဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ ဝင်သဖြင့်၊ သူသည် ပဋိသန္ဓြေွစွဲယူလေ၏။ ၁၉ထိုနောက်မှ၊ မိန်းမသည် ထသွား၍ မျက်နှာဖုံးကို ချွတ်ပြီးလျှင်၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲ ဝတ်ပြန်လေ၏။ ၂ဝယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကို ရွေးယူခြင်းငှါ၊ မိမိအဆွေ အဒုလံအမျိုးသားတွင် ဆိတ်သငယ် ကို ပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊ ၂၁ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည်တန်ဆာ မသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သားတို့ကို မေးလေသော်၊ အရပ်သား တို့က ဤအရပ်၌ ပြည်တန်ဆာမရှိ ဟု ဆိုကြလျှင်၊ ၂၂ယုဒထံသို့ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကို ရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည်တန်ဆာမရှိဟု ဆိုကြောင်းကို ပြောလေ၏။ ၂၃ယုဒကလည်း၊ ကျွန်ုပ်တို့သည် အရှက်မကွဲမည်အကြောင်း ယူပါ လေစေ။ ဤဆိတ်သငယ်ကို ကျွန်ုပ်ပေးလိုက်၍ သင်သည် မိန်းမကို ရှာ၍မတွေ့ပါတကားဟု ဆို၏။
၂၄ထိုနောက် သုံးလခန့်လွန်သည်ရှိသော်၊ သူတပါးက၊ သင်၏ချွေးမ တာမာသည် ပြန်တန်ဆာလုပ်၍ မတရားသော မေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟု ယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကို ထုတ်၍မီးရှို့စေဟု စီရင်လေ၏။ ၂၅ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ ပို့စေ၍၊ ဤဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မသည် ပဋိသန္ဓြေွယူပြီ။ ဤဥစ္စာတို့သည် အဘယ်သူ၏ ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟု မှာလိုက်၏။ ၂၆ထိုဥစ္စာကို ယုဒမှတ်မိ၍ သူ၏အပြစ်ထက် ငါ့အပြစ်သာ၍ ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲ နေမိပြီဟု ပြောဆို၏။ နောက်တဖန် သူ့ကို မချဉ်းမကပ်ဘဲနေ၏။
၂၇ထိုနောက် တာမာသည် သားဖွားချိန်ရောက်လျှင်၊ ဝမ်းထဲတွင် သားနှစ်ယောက်ရှိ၏။ ၂၈ဘွားစဉ်တွင် သားတယောက်သည် လက်ကိုထုတ်ဆန့်၍၊ ဝမ်းဆွဲက ဤသူသည် အရင်ဘွားလိမ့်မည်ဟု ဆိုလျက် လက်ကိုကိုင်၍ နီသောကြိုးနှင့် စည်းလေ၏။ ၂၉သို့သော်လည်း ထိုသူသည် မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဘွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့် အနိုင်အထက်ပြုရသနည်း။ အနိုင်အထက် ပြုသော ဤအမှုသည် သင်၌စွဲစေဟု ဆိုလျက် သူ့ကို ဖာရက်အမည်ဖြင့် မှည့်လေ၏။ ၃ဝထိုနောက်မှ လက်၌ ကြိုးနီစည်းသောညီဘွား၍၊ သူ့ကို ဇာရအမည်ဖြင့် မှည့်သတည်း။